Skip to main content
Surveillance
Self-Defense

KeePassXC ကိုဘယ်လိုသုံးမလဲ

Last Reviewed: April 29, 2018

This page was translated from English. The English version may be more up-to-date.

KeePassXC ဆိုတာ ပလက်ဖောင်းတစ်ခုနဲ့တစ်ခုကြားချိတ်ဆက်ပြီး သင့်ရဲ့ စကားဝှက် (password ) ‌တွေအားလုံးကို တစ်နေရာထဲမှာသိမ်းထားနိုင်အောင် စီမံခန့်ခွဲပေးနိုင်တဲ့ စကားဝှက်များ သိမ်းနိုင်သည့်နေရာ (သို့မဟုတ်) စကားဝှက်မန်နေဂျာ password manager  တစ်ခုဖြစ်ပါတယ်။ စကားဝှက်မန်နေဂျာ က သင့်ကိုယ်စား စကားဝှက်တွေကို ဖန်တီးပေးပြီးသိမ်းထားပေးနိုင်လို့ သင့်အနေနဲ့ ဆိုက်ပေါင်းစုံအတွက် စကားဝှက်ပေါင်းစုံကို အလွတ်ကျက်စရာမလိုဘဲ အသုံးပြုနိုင်ပါလိမ့်မယ်။ မာစတာစကားဝှက် master password  တစ်ခုကို မှတ်ထားလိုက်တာနဲ့ သင့်စကားဝှက်တွေကို ကုဒ်နဲ့ပြောင်းလဲပြီးသိမ်းထားတဲ့ စကားဝှက်မန်နေဂျာ ဒေတာဘေ့စ်ထဲဝင်ပြီး အသုံးပြုနိုင်မှာပါ။

KeePassXC နဲ့ ဆင်တူတဲ့ အခြားပရိုဂရမ်တွေလည်းရှိပါတယ်။ KeePassXC, like KeePassX, KeePass, and KeePass2 တို့ပေါ့။ ဒီအထဲက အချို့က တူညီတဲ့ကုဒ်ကိုသုံးထားပြီး အချို့ကတော့ ပုံစံတူဒေတာဘေစ့်ကို သုံးပါတယ်။  KeePassXC ဟာ ပလက်ဖောင်းတွေကိုချိတ်ဆက်ထားပြီး အခြားပရိုဂရမ်‌တွေထက် ပိုကောင်းတာမို့ ကို ဒီလမ်းညွှန်မှာတော့ KeePassXC ကိုသုံးဖို့ပဲ အကြံပြုထားပါတယ်။

စကားဝှက်မန်နေဂျာတစ်ခုကို တိုက်ခိုက်လိုက်ရုံနဲ့ အားလုံးကို အလွယ်တကူဝင်ရောက်နိုင်တာမို့ အသုံးပြုတာ ဂရုစိုက်ဖို့လိုပါတယ်။ စကားဝှက်မန်နေဂျာ အ‌တော်များများမှာ အားနည်းချက်‌တွေလည်း ရှိနေတာကြောင့် ကိုယ်နဲ့သင့်တော်၊ မတော်ဆိုတာကို အသုံးမပြုခင်ထဲက စဉ်းစားပါ။

ဒေါင်းလုတ်ဆွဲရန် - Windows/macOS/Linux များအတွက် https://keepassxc.org/download

ကွန်ပျူတာစနစ်လိုအပ်ချက် - Windows 7 နှင့်အထက် , macOS 10.7 နှင့်အထက်, Linux (most distros)

လမ်းညွှန်တွင် အသုံးပြုထားသည့်ဗားရှင်း - KeePassXC 2.2.0 (Window တွင်သာ အသုံးပြုနိုင်သည့် ပလက်ဖောင်းများကို ချိတ်ဆက်နိုင်သော KeePassXC ဗားရှင်း 

လိုင်စင် - FOSS (primarily GPLv2)

အခြားဖတ်ရှုရန်- https://github.com/keepassxreboot/keepassxc/wiki

အဆင့် - အခြေခံ

ကြာချိန် - ပြင်ဆင်ထည့်သွင်းချိန် ၅ မိနစ်ပြီးတာနဲ့ ခိုင်မာအားကောင်းတဲ့ စကားဝှက် password ကို တစ်သက်စာအသုံးပြုနိုင်ပါပြီ။

နောက်ဆုံးစိစစ်သည့်ရက်စွဲ - ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်

KeePassXC ဘယ်လို အလုပ်လုပ်သလဲ

KeePassXC က သင့်စကားဝှက်တွေအားလုံးကို တစ်နေရာထဲမှာသိမ်းပေးထားတဲ့ စကားဝှက်password ဒေတာဘေ့စ်နဲ့အလုပ်လုပ်ပါတယ်။ သင့်ကွန်ပျူတာ ဟာ့ဒစ်ခ်ထဲမှာ ဆိုရင်ဒီဒေတာဘေ့စ်တွေကို ကုဒ်နဲ့ပြောင်းလဲပြီးသိမ်းထားပေးပါတယ်။ ဒါ့ကြောင့် သင့်ကွန်ပျူတာအခိုးခံရရင်တောင် သင့်စကားဝှက် တွေကိုဖတ်လို့ရမှာမဟုတ်ပါဘူး။

စကားဝှက်ဒေတာဘေ့စ်တွေကို မာစတာစကားဝှက်master password သုံးပြီး ကုဒ်နဲ့ပြောင်းလဲလို့ ရပါတယ်။ မာစတာစကားဝှက်က အခြားစကားဝှက်တွေအားလုံးကို ဖွင့်တဲ့သော့ဖြစ်တာမို့ မာစတာ စကားဝှက်ကို တတ်နိုင်သမျှဖော်ရခက်အောင် as strong as possible လုပ်ထားဖို့လိုပါတယ်။

မာစတာစကားဝှက်ကို အသုံးပြုခြင်း

မာစတာစကားဝှက်က စကားဝှက် password ဒေတာဘေစ့်ကို ဖွင့်ဖို့အတွက် သော့တစ်ချောင်း keyလိုအလုပ်လုပ်ပါတယ်။ အဲဒါသာမရှိရင် ဘယ်သူမှ စကားဝှက်ဒေတာဘေစ့်ထဲ ဝင်လို့မရပါဘူး။ သင့်ရဲ့ စကားဝှက်ဒေတာဘေစ့်ထဲဝင်ဖို့အတွက် မာစတာစကားဝှက်ကို အသုံးပြုတဲ့အခါ အောက်ကအချက် တွေကို သတိပြုပါ။

  • မာစတာစကားဝှက်က သင့်စကားဝှက်တွေအားလုံးကို ပြန်ဖြည် decrypt  မှာဖြစ်လို့ ခက်ခဲ ရှည်လျားပြီးခန့်မှန်းရခက်ရတဲ့ စကားဝှက်ဖြစ်ဖို့လိုပါတယ်။ စကားဝှက်ရှည်လေလေ နံပါတ်တွေ၊ စာလုံးအကြီးတွေနဲ့ သင်္ကေတတွေထည့်သွင်းရေးသားဖို့ လိုအပ်ချက် နည်းလေလေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့မာစတာစကားဝှက်ကို ဝှက်စာကြောင်း passphraseအဖြစ် ရေးထားသင့်ပါတယ်။ ဝှက်စာကြောင်းဆိုတာ တနည်းအားဖြင့် စကားလုံးတွေနဲ့ အစီအစဉ် တကျရေးထားတဲ့ စာကြောင်းတစ်ကြောင်းဖြစ်ပြီး သူများတွေအတွက် ခန့်မှန်းရခက်ပေမဲ့ သင့်အတွက်တော့ အလွယ်တကူမှတ်မိစေတဲ့စာကြောင်းမျိုးပေါ့။
  • သင့်အနေနဲ့ ပုံမှန်စကားလုံးတွေနဲ့ ကျပန်းစကားလုံးတွေ using regular, random words ကို ပေါင်းစပ်ပြီး ခက်ခဲတဲ့ မာစတာဝှက်စာကြောင်းကို ဖန်တီးရေးသားလို့ရပါတယ်။ ဒီလို စာကြောင်းရေးထားတာဟာ သုံးလေ့သုံးထမရှိတဲ့ သင်္ကေတတွေနဲ့ စာလုံးအကြီးတွေကိုကို ပေါင်းစပ်ရေးတာထက်ပိုပြီးမှတ်မိလွယ်စေပါတယ်။ ပိုပြီးရှင်းသွားအောင် ခိုင်မာအားကောင်း တဲ့ စကားဝှက်ဘယ်လိုရေးမလဲဆိုတာကို ဒီလမ်းညွှန် creating a strong password မှာ ကြည့်ပါ

KeePassXC ကို စတင်အသုံးပြုခြင်း

KeePassXC ကို ထည့်သွင်းပြီး စတင်အလုပ်လုပ်စေပါ။ မီနူးမှ Database ကိုနှိပ်ပြီး “New Database” ကိုရွေးပါ။ သင့်ရဲ့စကားဝှက် password ဒေတာဘေစ့်ကို သိမ်းခိုင်းပါလိမ့်မယ်။ သင့်ရဲ့ ဒေတာဘေစ့်ဖိုင်ကို သင့်ဟာ့ဒစ် ဒါမှမဟုတ် အခြားကွန်ပျူတာထဲကို KeePassXC ရယ်၊ စကားဝှက် (သို့မဟုတ်) သော့ဖိုင် (keyfile) ကိုသုံးပြီး ရွှေ့သိမ်းလို့ရပါတယ်။

သော့ဖိုင် ဆိုတာဘာလဲ။ သော့ဖိုင်ဆိုတာ စကားဝှက်ဒေတာဘေစ့်ကို ပြန်ဖြည်ရခက်အောင် လုပ်ဖို့အတွက် မာစတာစကားဝှက်နဲ့ အတူထပ်ပေါင်းသုံးတာပါ။ သင့်မှာရှိနေတဲ့ဘယ်ဖိုင်ကိုမဆို သော့ဖိုင်အဖြစ်ထားလို့ရပါတယ်။ ဥပမာ- သင့်ကြောင်ရဲ့ဓါတ်ပုံလိုမျိုးပေါ့။ ဖိုင်တစ်ခုကို သော့ဖိုင် အဖြစ်ထားပြီးတာနဲ့ ဘယ်လိုနည်းနဲ့မှအဲ့ဒီဖိုင်ကို ပြောင်းလဲတာမျိုး မလုပ်မိဖို့လိုပါတယ်။ မဟုတ်ရင် သင့်စကားဝှက်ဒေတာဘေစ့်ကို သော့ဖိုင်သုံးပြီးပြန်ဖြည်လို့ရမှာမဟုတ်ပါဘူး။ အဲဒီသော့ဖိုင်ကို အခြား ပရိုဂရမ်နဲ့ဖွင့်မိရင်လည်း အပြောင်းအလဲတွေဖြစ်ပြီး သုံးမရတတ်တာမို့ KeePassXC သုံးတဲ့အချိန်မှာပဲ ဖွင့်ဖို့လိုပါမယ်။ (အဲဒီသော့ဖိုင်ကို နာမည်ပြောင်းတာနဲ့ နေရာရွှေ့တာကိုတော့ စိတ်ချလက်ချ လုပ်လို့ ရပါတယ်။) ပုံမှန်အားဖြင့်တော့ သင့်စကားဝှက်ကခိုင်မာအားကောင်းနေရင် လုံလောက်ပါတယ်။ ပိုစိတ်ချရအောင် သော့ဖိုင်ကိုထပ်ပေါင်းသုံးမယ်ဆိုရင်တော့ သော့ဖိုင်ကို စကားဝှက် ဒေတာဘေစ့်ကို သိမ်းထားတဲ့နေရာနဲ့ မတူတဲ့နေရာမှာခွဲသိမ်းပါ။

ပြီးတာနဲ့ သင့်ရဲ့ မာစတာစကားဝှက်နှင့် သို့မဟုတ် သော့ဖိုင်ကို တောင်းပါလိမ့်မယ်။ သင့်တော်တဲ့ ချက်ဘောက်စ်ကို ရွေးပြီး ရိုက်ထည့်ပါ။

သင်ရိုက်ထည့်နေတဲ့စကားဝှက်ကို အစက်အပြောက်တွေအစား ပါတဲ့စာလုံးတွေကိုမြင်ချင်တယ်ဆိုရင် ညာဘက်က မျက်လုံးပုံလေးကို နှိပ်လိုက်ပါ။

စကားဝှက်များကို စုစည်းခြင်း

သင့်ရဲ့ စကားဝှက်တွေအားလုံးကို အစီအစဉ်တကျ ဖိုင်ခွဲပြီး စုစည်းနိုင်ဖို့အတွက် KeePassXC ရဲ့ “Groups”နဲ့ လုပ်ဆောင်နိုင်ပါတယ်။ သင့်အနေနဲ့ မီနူးဘားက “Groups” ကိုသွားပြီး (သို့မဟုတ်) KeePassXC window ရဲ့ ဘယ်ဘက်မှာရှိတဲ့ Group ကို ညာကလစ်နှိပ်ပြီး ဖိုင်တွေကို  လိုသလို စုစည်းပြီး ဂရုအသစ်ဖွဲ့တာ၊ ဖျက်တာ၊ ပြင်ဆင်တာတွေလုပ်လို့ရပါတယ်။ စကားဝှက်တွေကို စုစည်းပြီး ဂရုဖွဲ့သိမ်းရတာ အလွန်လက်ဝင်ပေမဲ့ KeePassXC ရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေတာမျိုးတော့ မရှိ ပါဘူး။

စကားဝှက်များကို သိမ်းဆည်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပြင်ဆင်ခြင်း

စကားဝှက်အသစ်  password ဖန်တီးဖို့ (သို့မဟုတ်) ရှိပြီးသားစကားဝှက်တစ်ခုကို သိမ်းဖို့အတွက် သင်သိမ်းလိုတဲ့ ဂရုကိုနှိပ်ပါ။ ပြီးရင် ညာဘက်မှာ ညာကလစ်တစ်ချက်နှိပ်ပြီး “Add New Entry” ကို ရွေးပါ။ မီနူးဘားမှာရှိတဲ့ “Entries > Add New Entry ကိုလည်းရွေးလို့ပါတယ်။ အခြေခံစကားဝှက် အသုံးပြုဖို့အတွက် -

  • “Title” မှာ စကားဝှက်ကို သင်ဘာအတွက်အသုံးပြုမယ်ဆိုတဲ့ ရှင်းလင်းချက်ရေးပါ။  ဥပမာ - သင့်စကားဝှက်ကို အသုံးပြုပြီးဝင်ရောက်မယ့် ဝက်ဘ်ဆိုက်တစ်ခုခု နာမည်ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခုနာမည်ပေါ့။
  • သင့်စကားဝှက်နဲ့ချိတ်ဆက်ထားတဲ့ အသုံးပြုသူအမည် (အကောင့်အမည်) ကို “Username”‌ ကွက်လပ်မှာဖြည့်ပါ။ (အသုံးပြုသူအမည်မရှိရင် အကွက်အလွတ် အတိုင်းချန်ထားခဲ့ပါ။
  • သင့်စကားဝှက်ကို “Password”‌ ဘေးကွက်လပ်မှာရိုက်ထည့်ပါ။ သင့်အနေနဲ့ စကားဝှက်အသစ် ဖန်တီး နေတာဆိုရင်တော့  ညာဘက်က အံစာတုံးပုံကို ကလစ်နှိပ်ပါ။ ဒီလုပ်ဆောင်ချက်ကို ဝက်ဘ်ဆိုက်အသစ်အတွက် မှတ်ပုံတင်တဲ့အခါ (သို့မဟုတ်) စကားဝှက်အဟောင်းကို ပိုကောင်းတဲ့ အသစ်နဲ့ အစားထိုးပြောင်းလဲတဲ့အခါမျိုးမှာ သုံးသင့်ပါတယ်။ အံစာတုံးပုံကို ကလစ်နှိပ်ပြီးရင်တော့ စကားဝှက်ဂျနရေတာ ပေါ်လာပါလိမ့်မယ်။ အဲ့ဒါကို သုံးပြီး စကားဝှက်ကို ကျပန်းဖန်တီးလို့ရပါတယ်။ သင့်အသုံးပြုလိုတဲ့ စာလုံးတွေနဲ့ ဘယ်လောက်ရှည်ရှည် ရေးချင်တာလဲဆိုတာအပါအဝင် ရွေးချယ်စရာအများကြီးပေါ်လာပါလိမ့်မယ်။
    • သင့်အနေနဲ့ ကျပန်းဖန်တီးထားတဲ့စကားဝှက်ကို အသုံးပြုမယ်ဆိုရင် အဲဒီစကားဝှက်ကို မှတ်မိစရာတင်မက သိစရာတောင်မလိုပါဘူး။ KeePassXC က သိမ်းပေးပြီး သင်လို တဲ့ကော်ပီ၊ ပေ့စ်လုပ်ပြီးထုတ်သုံးရုံပါပဲ။ မတူညီတဲ့ ကျပန်းစကားဝှက်တွေကို ဖန်တီးမယ်၊ အဲဒီစကားဝှက်တွေကိုသိစရာမလိုဘဲ လိုသလိုအသုံးပြုနိုင်ဖို့က စကားဝှက်မန်နေဂျာ password managerအသုံးပြုရခြင်းရဲ့ အဓိက အကြောင်းအရင်း ဆိုရင်လည်းမမှား ပါဘူး။
    • ဒါ့ကြောင့်မို့ သင့်စကားဝှက်ကို ဖန်တီးတဲ့အခါ ပရိုဂရမ်ကခွင့်ပြုတဲ့အထိ ရှည်နိုင်သမျှရှည်အောင်ထားပြီး မတူညီတဲ့စာလုံး၊ သင်္ကေတအမျိုးမျိုးကို ထည့်နိုင်သမျှထည့်သင့်ပါတယ်။
    • သင့်အနေနဲ့ ရွေးပြီးရင်တော့ ညာအောက်မှာရှိတဲ့ “Generate” ကိုနှိပ်လိုက်ပါ။ ကျပန်း ဖန်တီးလိုက်တဲ့ စကားဝှက်က “Password” နဲ့ “Repeat” ဘေးမှာ အလိုအလျောက် ထည့်သွင်းပြီးဖြစ်သွားပါမယ်။ KeePassXC ဗားရှင်းအဟောင်းအချို့မှာတော့ “Apply” ကို နှိပ်လိုက်မှ Password” နဲ့ “Repeat” ဘေးမှာ ထည့်သွင်းပေးပါလိမ့်မယ်။ (တကယ်လို့ ကျပန်းစကားဝှက်ထည့်တာမဟုတ်ရင်တော့ “Repeat”‌ ဘေးမှာ သင်ထည့်လိုတဲ့ စကားဝှက်ကို ထပ်ရိုက်ရပါမယ်။) ပြီးရင်  “OK” ကိုနှိပ်ပါ။
  • အခုဆိုရင်တော့ သင့်စကားဝှက်ကို စကားဝှက်ဒေတာဘေစ့်မှာ သိမ်းလိုက်ပါပြီ။ သင့် စကားဝှက် ပြောင်းလဲခြင်းကို သေချာစွာသိမ်းဆည်းဖို့ “Database > Save Database” နဲ့ သိမ်းပါ။

သင့်အနေနဲ့သိမ်းဆည်းထားတဲ့ စကားဝှက်ကို ပြောင်းလဲချင်ရင်တော့ စကားဝှက်ကိုသိမ်းထားတဲ့ ဂရုကိုရွေးပြီး ညာဘက်မှာရှိတဲ့  Title မှာ ကလစ်နှစ်ချက်နှိပ်လိုက်တာနဲ့  “Edit Entry” ဆိုနဲ့ ဒိုင်ယာလော့ခ် သေတ္တာလေးပေါ်လာပါလိမ့်မယ်။

သာမန်အသုံးပြုခြင်း

သင့် စကားဝှက်ဒေတာဘေစ့်  password က စကားဝှက်ကို အသုံးပြုဖို့အတွက် Entry မှာ ညာကလစ်နှိပ်ပြီး “Copy username” သို့မဟုတ် “Copy password” ကိုရွေးပါ။ သင်ဝင်ရောက်လိုတဲ့ window / ဝက်ဘ်ဆိုက်ကို သွားပြီး သင့် username / password ကိုပေ့စ်လုပ်ပါ။ (သို့မဟုတ် entry ကို ညာကလစ်နှိပ်ပြီးတဲ့နောက် username သို့မဟုတ် password မှာ ကလစ်နှစ်ချက်နှီပ်လိုက်တာနဲ့ သင့်ကလစ်ဘုတ် (clipboard) မှာ အသင့်ကူးပြီးဖြစ်သွားပါလိမ့်မယ်။

အခြားလုပ်ဆောင်ချက်များ

KeePassXC  ကို အသုံးပြုပြီး ဒါတွေကိုလုပ်ဆောင်နိုင်ပါတယ်။

  • ရှာဖွေသေတ္တာ (Search box) (KeePass XC window ရဲ့ toolbar မှာ ပါတဲ့ text box) ကိုသုံးပြီး သင့်ဒေတာဘေစ့်ထဲ ရှာလို့ရပါတယ်။
  • ပင်မ window က ကော်လံခေါင်းစီးကို ကလစ်နှိပ်ပြီး သင့်ထည့်သွင်းထားတဲ့ စာရင်းကို နေရာချလို့ရ ပါတယ်။
  • KeePassXC ကို လော့ခ်ချမယ်ဆိုရင် “Tools > Lock Databases” ကိုရွေးပါ။ ဒီလိုလုပ်ခြင်း အားဖြင့် KeePassXC ကို ဖွင့်ထားသည့်တိုင်အောင် စကားဝှက် password ဒေတာဘေ့စ်ကို ဝင်တဲ့အ ခါတိုင်း မာစတာစကားဝှက် master password ကိုတောင်းပါလိမ့်မယ်။ KeePassXC ကို မသုံးဘဲဒီအတိုင်းဖွင့်ထားရင်း အချိန်တစ်ခုကြာတဲ့အခါ အလိုအလျောက် လော့ခ်ကျသွားအောင်လည်း လုပ်ထားလို့ရပါတယ်။ သင့်အနေနဲ့ သင့်ကွန်ပျူတာကို ထားပြီး ထသွားတဲ့အချိန်မှာ တခြားသူတစ်ယောက်က ဝင်ပြီးသင့်စကားဝှက်တွေကို ယူတာမျိုးကို ဒီလုပ်ဆောင်ချက်နဲ့ တားဆီးလို့ရပါတယ်။ ဒီလုပ်ဆောင်ချက်ကိုဖွင့်မယ်ဆိုရင် macOS စနစ် အတွက် မီနူးမှာ “Preferences > Settings” ကိုရွေးပြီး security options ကို ကလစ်နှိပ်ပါ။ ပြီးတာနဲ့ “Lock database after inactivity of [number] seconds”  ကို အမှန်ခြစ်ပါ။ Linux နဲ့ Window စနစ်တွေအတွက်  မီနူးမှာ “Tools > Settings”ကိုရွေးပြီး security options ကို ကလစ်နှိပ်ပါ။ ပြီးတာနဲ့ “Lock database after inactivity of [number] seconds”  ကို အမှန်ခြစ်ပါ။

KeePassXC မှာ အသုံးပြုသူအမည်နဲ့စကားဝှက်သာမကပဲ အခြားသိမ်းဆည်းလို့ရတာတွေရှိပါသေးတယ်။ ဥပမာ - အကောင့်နံပါတ်တွေ၊ product keys၊ လေကြောင်းလိုင်းခရီးသည်ပျံသန်းမှုအမှတ်စဉ် တွေ၊ အမှတ်စဉ်နံပါတ်တွေ ကို လည်းသိမ်းလို့ရပါတယ်။ သင့်အနေနဲ့ “Password”နေရာမှာ ဖြည့်တဲ့ အချက်အလက် data က စကားဝှက်အစစ် ဖြစ်စရာမလိုပါဘူး။ သင်သိမ်းလိုတဲ့ အရာကို  “Password”ဘေးမှာ ရေးထည့်ပြီးသိမ်းလို့ရပါတယ်။ Username မရှိရင် မဖြည့်ဘဲချန်ခဲ့လိုက်ပါ။ KeePassXC က သင့်ဖြည့်ပြီးသိမ်းဆည်းထားတာမှန်သမျှကို လုံခြုံစိတ်ချစွာသိမ်းပေးထားပ်လိမ့်မယ်။

ဘရောက်ဇာထပ်တိုးလုပ်ဆောင်ချက် (extension) အဖြစ် ထည့်သွင်းခြင်း

ဒီလမ်းညွှန်ချက်တွေက ၂၀၁၈ခုနှစ် ဧပြီလ ၃၀ ရက်နေ့တုန်းက https://keepassxc.org/docs/keepassxc-browser-migration/,  မှာပါတဲ့ လမ်းညွှန်ချက်တွေဖြစ်ပါတယ်။

ဘရောက်ဇာထပ်တိုးလုပ်ဆောင်ချက် ဆိုတာကတော့ သင့်ရဲ့ ဝက်ဘ်ဘရောက်ဇာ web browser မှာ အပိုလုပ်ဆောင်ချက်တွေလုပ်နိုင်အောင် ထပ်ထည့်ထားတဲ့ ဆော့ဖ်ဝဲလ်အစိတ်အပိုင်းတစ်ခုပါ။ KeePassXC ဘရောက်ဇာထပ်တိုးလုပ်ဆောင်ချက်က သင့်ဘရောက်ဇာနဲ့  KeePassXC အက်ပလီ ကေးရှင်းတို့နှစ်အခုအကြား အလွယ်တကူချိတ်ဆက်အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါလိမ့်မယ်။ ဒီထပ်တိုးလုပ်ဆောင်ချက်က သင့်အနေနဲ့စကားဝှက်တွေကို မြန်မြန်ဆန်ဆန် သိမ်းဆည်းနိုင်ဖို့နဲ့  ဝက်ဘ်ဆိုက်တွေမှာ စကားဝှက်တွေကို အလိုအလျောက်ဖြည့်သွင်းနိုင်ဖို့ ကူညီပေးပါတယ်။

ဗားရှင်း 2.3 ကစလို့ KeePassXC မှာ  new browser plugin  ဖြစ်တဲ့ KeePassXC-Browser ကို သုံးလို့ ရပါတယ်။ အဲဒါကို Google Chrome, Chromium, Firefox နဲ့ Vivaldi တို့မှာတွဲသုံးနိုင်ပြီး  Chrome Web Store နဲ့ Mozilla Add-ons repository တို့မှာ ရယူနိုင်ပါတယ်။

add-on အသစ်က KeePassHTTP add-ons အဟောင်းတွေဖြစ်တဲ့ KeePassHttp-Connector, chromeIPass, PassIFox စတာတွေကို အစားထိုးထားပြီး နောက်လာမဲ့ KeePassXC ဗားရှင်းတွေမှာ အဲဒီ add-ons အ‌ဟောင်းတွေကိုသုံးလို့ရာတော့မှာ မဟုတ်ပါဘူး။

KeePassXC-Browser နဲ့ KeePassXC ကို ဘယ်လိုချိတ်ဆက်မလဲ။

KeePassXC-Browser နဲ့ KeePassXC တွေကို ထည့်သွင်းပြီးတဲ့အခါ KeePassXC  ကို အရင်စဖွင့်ပြီး အချို့စက်တင်တွေကို ပြောင်းရပါလိမ့်မယ်။

 

၁။ ဘ‌ရောက်ဇာနှင့်ချိတ်ဆက်ခြင်း

KeePassXC settings ကိုသွားပါ။ Browser Integration / Enable KeePassXC Browser Integration ကို အမှန်ခြစ်ပါ။ ဒီအချက်ကိုလုပ်မထားရင် KeePassXC နဲ့ ဘရောက်ဇာထပ်တိုးလုပ်ဆောင်ချက်ကို ချိတ်လို့ရမှာမဟုတ်ပါဘူး။

KeePassHTTP ချိတ်ဆက်မှုကို ဖြတ်တောက်ဖို့အတွက် Legacy Browser Integration / Enable KeePassHTTP server ဘေးကအမှန်ကို ဖျက်ပါ။ KeePassHttp-Connector လို add-on ‌တွေ ထည့်ထားတာရှိရင် ဖျက်ပေးပါလိမ့်မယ်။

 

၂။ ဘရောက်ဇာထောက်ပံ့မှုကို ဖွင့်ပါ။

KeePassXC ကို သင့်ဘရောက်ဇာဝင်ရောက်နိုင်ဖို့အတွက် KeePassXC ပရိုဂရမ်ဖိုင်တွဲတည်နေရာကို ပြောဖို့လိုပါတယ်။ ကံကောင်းထောက်မစွာနဲ့ အဲဒီလုပ်ဆောင်ချက်ကို KeePassXC က အလိုအလျောက် လုပ်ပေးပါတယ်။ Enable integration for these browsers မှာ KeePassXC နဲ့တွဲသုံးလိုတဲ့ ဘရောက်ဇာမှန်သမျှအတွက် ရွေးပါ။

            ၃။ ဒေတာဘေ့စ်နဲ့ချိတ်ဆက်ပါ။

KeePassXC ကို ဖွင့်ပြီး သင့်ဒေတာဘေ့စ်ကို လော့ခ်ဖွင့်ပါ။ (ဒီအဆင့်ကအရေးကြီးပါတယ်။ သင့်ဒေတာဘေ့စ်‌လော့ခ်ကျနေရင် အချို့ အဆင့်တွေကို ဆက်လုပ်လို့ရမှာမဟုတ်ပါဘူး။)

ဘရောက်ဇာကိုသွားပြီးလိပ်စာဖြည့်သွင်းရန်နေရာ (address bar) ဘေးက KeePassXC ပုံကိုကလစ်နှိပ်ပါ။ KeePassXC-Browser ကို အသုံးပြုလို့ရအောင် မပြုပြင်ရသေးကြောင်း သတိပေးစာထွက်လာပါလိမ့်မယ် (အခြား မက်ဆေ့အမှားနဲ့စာကြောင်းပေါ်လာရင် Refresh ကိုကလစ်နှိပ်ပြီး စက္ကန့်အနည်းငယ်စောင့်ပါ။)

Connect ခလုတ်ကို နှိပ်ပါ။ သင့်နာမည်နဲ့ ဝင်ခွင့်ပြုကြောင်း အတည်ပြုခိုင်းပါလိမ့်မယ်။

အမည်တစ်ခု (သင့်ဘရောက်ဇာအမည်ဖြစ်လျှင်ပိုကောင်း) ကို စာရိုက်ထည့်ပြီး Save and allow access ကိုကလစ်နှိပ်ပါ။ အခုဆိုရင် သင့်ဘရောက်ဇာနဲ့ KeePassXC တို့ချိတ်ဆက်ပြီးသွားပါပြီ။

အလိုအလျောက်ဖြည့်သွင်းခြင်း(Autofill) က မိမိရဲ့ကိုယ်ရေးလုံခြုံမှုအတွက် မကောင်းပါဘူး။ အဲဒီ လုပ်ဆောင်ချက်ကိုပိတ်ဖို့အတွက် “Automatically fill-in single credentials entry” နဲ့ “Activate autocomplete for username fields” တွေဘေးက အမှန်ခြစ်ကို ဖျက်ပါ။

အသုံးပြုဖို့အဆင်သင့်ဖြစ်ပါပြီ။ အခုဆိုရင်တော့ သင်ဝက်ဘ်ဆိုက်တစ်ခုကိုဝင်ရောက်ဖို့လိုတဲ့ အချက်အလက်တွေကို သိမ်းဆည်းနိုင်ပါပြီ။ သင့် အသုံးပြုသူအမည်နဲ့ စကားဝှက်တွေကို အလိုအလျောက် ဖြည့်သွင်းတဲ့စနစ်ကိုလည်း အသုံးပြုချင်သုံးလို့ရပါတယ်။

KeePassXC က သုံးရလွယ်ပြီး လုံခြုံစိတ်ချမှုပေးနိုင်တဲ့ ဆော့ဖ်ဝဲလ်ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲလ်ရဲ့ လုပ်ဆောင်ချက်အကုန်လုံးကို သိအောင်ထပ်မံလေ့လာဖို့လည်း အကြံပြုပါတယ်။