Skip to main content
Surveillance
Self-Defense

အင်တာနက်ဆင်ဆာပိတ်ပင်မှုများအား နားလည်ခြင်းနှင့် ကျော်လွှားခြင်း

Last Reviewed: April 23, 2020

This page was translated from English. The English version may be more up-to-date.

ဒီလမ်းညွှန်မှာ အင်တာနက်ဆင်ဆာပိတ်ပင်မှုများနှင့်ပတ်သက်တဲ့ အကြောင်းအရာတွေကို ခြုံငုံဖော်ပြထားပေမဲ့ အလုံးစုံမပါဝင်ပါဘူး။

အစိုးရများ၊ ကုမ္ပဏီများ၊ ကျောင်းများနဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူများသည် အချို့သော ဝက်ဘ်ဆိုဒ်များနဲ့ အင်တာနက် ဝန်ဆောင်မှုများ ကို အသုံးပြုသူများမှ ရယူသုံးစွဲခြင်းမပြုနိုင်ရန် အခါအားလျော်စွာ ပိတ်ထားလေ့ရှိပါတယ်။ အဲဒီလိုလုပ်တာကို  အင်တာနက် ဆင်ဆာဖြတ်ခြင်း Internet filtering (သို့မဟုတ်) ပိတ်ပင်ခြင်း  blocking ဟု ခေါ်ပါတယ်။ ဆင်ဆာဖြတ်ခြင်း ပုံစံအမျိုးမျိုးရှိပါတယ်။ ကုဒ်ဖြင့်ပြောင်းလဲသည့် စနစ် (encryption) ကို အသုံးပြုသည့်တိုင် ဝက်ဘ်ဆိုက်များ၊ အထိုင် ဝန်ဆောင်မှု (hosting) ပေးသည့် နေရာများ (သို့ မဟုတ် ) အင်တာနက်နည်းပညာများကို ဆင်ဆာပိတ်ပင်နိုင်စွမ်း ရှိပါတယ်။ တခါတရံမှာ စကားလုံးဝေါဟာရပါဝင်မှုကို မူတည်ပြီး ပါဝင်တဲ့ အကြောင်းအရာတွေကို ပိတ်ပင်တာမျိုးလည်း ရှိပါတယ်။

အင်တာနက်ဆင်ဆာပိတ်ပင်မှုကို ကျော်လွှားနိုင်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ တချို့နည်းလမ်းတွေမှာ မိမိကို စောင့်ကြည့်နေတာကိုပါ တားမြစ်နိုင်ပေမယ့် အများစုကတော့ အဲဒီလိုမဟုတ်ပါဘူး။ တစုံတယောက်က သင့်ရဲ့ အင်တာနက်ဆက်သွယ်မှုကို ဆင်ဆာဖြတ်ခြင်း (သို့မဟုတ်) ဆိုက်တစ်ခုသို့ ဝင်ရောက်ခြင်းကို ပိတ်ပင်မှုများ လုပ်ဆောင်လာရင် သင့်အနေနဲ့ “ဆင်ဆာကို ကျော်လွှားနိုင်သည့်နည်းပညာများ” ကို အသုံးပြုပြီး လိုချင်တဲ့ အချက်အလက်တွေရအောင် လုပ်ဆောင်နိုင်ပါတယ်။

မှတ်ချက်။ ဆင်ဆာကိုကျော်လွှားနိုင်သည့် နည်းပညာများသည် သင့်ကိုယ်ရေးလုံခြုံမှုကို အမြဲတစေ အကာအကွယ်မပေးနိုင်ပါ။  “anonymizer” ကဲ့သို့ စကားလုံးများပါဝင်တဲ့ နည်းပညာများဟာလည်း သင့်ကိုယ်ရေးအချက်အလက်များကို လုံးဝဥဿုံကွယ်ဝှက်ပေးနိုင်မည်မဟုတ်ပါ။

သင်လိုအပ်တဲ့ လုံခြုံရေးအဆင့်ပေါ်မူတည်ပြီး ဆင်ဆာဖြတ်ခြင်းကိုကျော်လွှားသည့်နည်းပညာကိုသင့်လျော်သလို ရွေးချယ်ပါ။ လုံခြုံရေးအစီအစဉ်ကို ဘယ်လိုရေးဆွဲရမမှန်း မသိလျှင် ဒီနေရာမှာ ကြည့်ရှုပါ။ here. လုံခြုံရေးအစီအစဉ်ကို ချမှတ်တဲ့အခါ တစ်ခုသတိချပ်ရမှာက ကိုယ်အသုံးပြုမယ့်နည်းလမ်းကို ဆင်ဆာဖြတ်တဲ့သူက သိသွားမယ်ဆိုရင် အဲဒီနည်းလမ်းကို ချေဖျက်နိုင်တဲ့ တန်ပြန်နည်းလမ်းတွေ သုံးလာနိုင်တယ် ဆိုတာပါပဲ။

ဒီဆောင်းပါးမှာ အင်တာနက်ဆင်ဆာပိတ်ပင်မှုကို ဘယ်သူတွေက ဘယ်လိုလုပ်ဆောင်နိုင်တယ်ဆိုတဲ့ အကြောင်းတွေကို ဖော်ပြပေးသွားမှာပါ။

○ပိတ်ပင်မှုက ဘယ်နေရာမှာဖြစ်သလဲ။ anchor link

  • ပိတ်ပင်မှုကို ဘယ်လိုလုပ်ဆောင်သလဲ။
  • ကျော်လွှားနိုင်သည့်နည်းလမ်းများ (Circumvention techniques)
    • DNS ဝန်ဆောင်မှုပေးသူ ကိုပြောင်းခြင်းဖြင့် ပိတ်ပင်ထားတဲ့ ဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှုများသို့ ဝင်ရောက်နိုင်ပါတယ်။
    • Virtual Private Network (VPN)  သို့မဟုတ် ကုဒ်ဖြင့်ပြောင်းလဲထားသည့် (encrypted) ဝက်ဘ်ပရောက်စီကို သုံးခြင်းဖြင့် ပိတ်ပင်ထားတဲ့ဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှုများသို့ ဝင်ရောက်နိုင်ပါတယ်။
    •  Tor Browser ကိုသုံးခြင်းဖြင့် ပိတ်ပင်ထားသော ဝက်ဘ်ဆိုက်သို့ဝင်ရောက်ခြင်း (သို့မဟုတ်) သင့်ကိုယ်ရေးအချက်အလက်များကို ဝှက်ထားခြင်းကို လုပ်ဆောင်နိုင်ပါတယ်။

အင်တာနက်ဆင်ဆာပိတ်ပင်မှုများနှင့် စောင့်ကြည့်ထောက်လှမ်းမှုဆိုတာ ဘာလဲ။ anchor link

အင်တာနက်ပေါ်မှာ အချက်အလက်တွေကို တနေရာမှတနေရာသို့ ပေးပို့ဆက်သွယ်နိုင်ဖို့အတွက် လုပ်ငန်းစဉ် များစွာက အတူတကွ စည်းချက်ညီညီ လုပ်ဆောင်ရပါတယ်။ အကယ်၍ တစုံတယောက်က အင်တာနက် အစိတ်အပိုင်း တချို့ (သို့မဟုတ်) လုပ်ငန်းစဉ်အချို့ကို ပိတ်ပင်မယ်ဆိုရင် စနစ်တစ်ခုလုံးရဲ့ မတူညီတဲ့ အစိတ်အပိုင်းများစွာကို ပစ်မှတ်ထားလုပ်ဆောင်ရပါတယ်။ နည်းပညာနှင့် စက်ပစ္စည်းများရရှိနိုင်မှု၊ အသုံးပြုသူရဲ့ ဗဟုသုတ၊ ရင်းမြစ်နှင့် လုပ်ပိုင်ခွင့်ရှိမှု တွေကိုမူတည်ပြီး အသုံးပြုတဲ့ နည်းလမ်းတွေ ကွဲပြားသွားပါတယ်။

 

ဆင်ဆာပိတ်ပင်မှုနှင့် စောင့်ကြည့်ထောက်လှမ်းမှုများ- ဒင်္ဂါးပြား၏ မျက်နှာပြင်နှစ်ဖက်

ဆင်ဆာပိတ်ပင်မှုနှင့် စောင့်ကြည့်ထောက်လှမ်းမှုများသည် တစ်ခုနှင့်တစ်ခု အလွန်ပဲ တူပါတယ်။ အင်တာနက်ဆင်ဆာ ပိတ်ပင်မှုမှာ အဆင့်နှစ်ဆင့်ရှိပါတယ်။

(၁) “လက်မခံနိုင်သော” လုပ်ဆောင်ချက်ကို ရှာဖွေခြင်း anchor link

(၂) “လက်မခံနိုင်သော” လုပ်ဆောင်ချက်ကို ပိတ်ပင်ခြင်း

“လက်မခံနိုင်သော” လုပ်ဆောင်ချက်ကို ရှာဖွေခြင်းသည် အင်တာနက်စောင့်ကြည့်ထောက်လှမ်းခြင်း နည်းလမ်းနဲ့ ဆင်တူပါတယ်။ အင်တာနက်ကွန်ယက်စီမံကြီးကြပ်သူများက သင်ဝင်ရောက်ကြည့်ရှုတဲ့ နေရာတွေကို မြင်နိုင်ရင် သင့်ကို ပိတ်ပင်နိုင်ပါတယ်။ ကျွန်ုပ်တို့အနေနဲ့ အင်တာနက်နှင့် data အချက်အလက် လုံခြုံမှုဆိုင်ရာ နည်းလမ်းနှင့်နည်းပညာများကို ပိုမိုအသုံးပြုရန်တိုက်တွန်းစည်းရုံးပြီး အင်တာနက်ဆင်ဆာဖြတ်တောက်ခြင်း Internet filtering နှင့် blocking ပိတ်ပင်ခြင်းကို ခက်ခဲအောင်ဆောင်ရွက်နိုင်ပါတယ်။

အင်တာနက်ဆင်ဆာပိတ်ပင်မှုကိုကျော်လွှားသည့်နည်းလမ်းအများစုတွင် ဆင်ဆာပိတ်ပင်မှု ကိုကျော်သုံးနိုင်သည့်အပြင် အွန်လိုင်းတက်တဲ့အခါ မိမိရဲ့ ကိုယ်ရေး အချက်အလက်တွေကို အခြားသူတွေ မကြည့်နိုင်အောင်လုပ်ပေးတဲ့ လုပ်ဆောင်ချက်ပါ အပိုဆောင်းပါဝင်ပါတယ်။

စောင့်ကြည့်ထောက်လှမ်းမှုများ၏ အကျိုးအပြစ်

အင်တာနက်ဆင်ဆာပိတ်ပင်မှုတွေမှာ ဆိုးကျိုးတွေရှိပြီး အလွန်အကျွံပိတ်ပင်မိရင် ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ တရုတ်အစိုးရက အစိုးရဆန့်ကျင်ရေးသ တင်းလွှာများဖြန့်ဝေတဲ့ ၀က်ဘ်ဆိုက်များကိုတင်ထားသည် GitHub ဝက်ဘ်ဆိုက်ကို ဆင်ဆာမပိတ်ဘဲ လွှတ်ထားတာပါ။ တရုတ်စီးပွားရေးကို အကျိုးရှိစေမည့် လုပ်ဆောင်ချက်တွေ ဆောင်ရွက်နိုင်ဖို့ ဆော့ဖ်ဝဲလ်ရေးသူတွေက GitHub ဆိုက်ထဲ အရင်ဝင်ဖို့ လိုပါတယ်။ ဒါပေမဲ့ လတ်တလောမှာ အဲဒီလိုလုပ်ရ၍ ရရှိမည့် အကျိုးထက်ထွက်ပေါ်လာမယ့် ဆုံးရှုံးမှုတွေက ပိုများနေတဲ့အတွက် ဆင်ဆာမပိတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဆင်ဆာဖြတ်သူတိုင်းရဲ့ တွေးခေါ်ပုံနဲ့ ဆုံးဖြတ်ချက်တွေက တစ်ဉီးနှင့်တစ်ဦး တူညီမည်မဟုတ်ချေ။ ဥပမာအားဖြင့် အင်တာနက်လိုင်းများ ယာယီဖြတ်တောက်မှုများက စီးပွားရေးကို ကြီးမားစွာထိခိုက်ဆုံးရှုံးစေသော်လည်း ထိုနည်းလမ်းကိုပင် ပိုမိုတိုးတက်လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။

အင်တာနက်ဆင်ဆာပိတ်ပင်မှုများနှင့် စောင့်ကြည့်ထောက်လှမ်းမှုများ ဖြစ်ပေါ်သည့်နေရာနှင့် လုပ်ဆောင်ပုံ anchor link

ပိတ်ပင်မှု  blocking က ဘယ်နေရာမှာဖြစ်သလဲ။ anchor link

Your computer tries to connect to https://eff.org, which is at a listed IP address (the numbered sequence beside the server associated with EFF’s website). The request for that website is made and passed along to various devices, such as your home network router and your Internet Service Provider (ISP), before reaching the intended IP address of https://eff.org. The website successfully loads for your computer.

သင့်ကွန်ပြူတာက  IP address တစ်ခုအဖြစ် စာရင်းပေါက်ထားသည့်  https://eff.org သို့ ချိတ်ဆက် ရန်ကြိုးပမ်းသည်ဆိုပါစို့။ သင်ချိတ်ဆက်လိုသည့် IP address မရောက်မီတွင် စက်ပစ္စည်းများစွာ (ဥပမာ- သင့်အိမ်တွင်းအင်တာနက်ကွန်ယက်ရောက်တာနှင့် အင်တာနက်ဝန်ဆောင်မှုပေးသည့်စက်များ ISP) အတွင်း သတင်းဖြတ်သန်းပေးပို့ပြီးမှ  https://eff.org ဝက်ဘ်ဆိုက်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

An eye, watching a computer trying to connect to eff.org.

(၁) သင့်စက်ပစ္စည်းများအား ပိတ်ပင်ခြင်း (သို့မဟုတ်) ဆင်ဆာဖြတ်တောက်ခြင်း။ ဒီနည်းလမ်းကို ကျောင်းများ၊ လုပ်ငန်းခွင်များတွင် အများဆုံးအသုံးပြုပါတယ်။ ကြီးကြပ်သူများက သင့်ကွန်ပြူတာနှင့် ဖုန်းများအတွင်း ဆော့ဖ်ဝဲလ်ထည့်ထားပြီး ထိန်းချုပ်နိုင်ပါတယ်။ ဆော့ဖ်ဝဲလ်ကြောင့် သင့်အနေနဲ့ အချို့ ဝက်ဘ်ဆိုက်များ (သို့မဟုတ်) အချို့သော အွန်လိုင်းချိတ်ဆက်မှုတွေကို သင့်စက်ပစ္စည်းကိုသုံးပြီး လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ Spyware ရဲ့ အလုပ်လုပ်ပုံမှာလည်း ထိုနည်းလည်းကောင်းပင်။

An eye, watching traffic going in and out of a home network router.

(၂) အိမ်တွင်း/ရုံးတွင်းအင်တာနက်ကွန်ယက်အားဆင်ဆာဖြတ်ခြင်း။ ဒီနည်းလမ်းကိုလည်း ကျောင်းများ၊ လုပ်ငန်းခွင်များတွင် အသုံးများပါတယ်။ သင့်အိမ်တွင်း/ရုံးတွင်း အင်တာနက်ကွန်ယက် (ဥပမာ ဝိုင်ဖိုင်ကွန်ယက်)ကို စီမံကြီးကြပ်သူက သင်ဝင်ရောက်နိုင်သည့် အွန်လိုင်းပေါ်ရှိနေရာများကို စောင့်ကြည့်ခြင်း/ထိန်းချုပ်ခြင်း (သို့မဟုတ်) အချို့သောဝေါဟာရရှာဖွေမှုများကို မူတည်ပြီး ထိန်းချုပ် ကန့်သတ်နိုင်ပါတယ်။

An eye, watching traffic coming in and out of an ISP.

(၃) အင်တာနက်ဝန်ဆောင်မှုပေးသူများ ISPs ကို ပိတ်ပင်ခြင်း (သို့မဟုတ်) ဆင်ဆာဖြတ်တောက်ခြင်း။ သင့် ISP က သင့်အိမ်တွင်း/ရုံးတွင်းအင်တာနက်ကွန်ယက်ကို ကြီးကြပ်သူကဲ့သို့ပင် ဆင်ဆာဖြတ်တောက်ပိတ်ပင်မှုကို လုပ်ဆောင်နိုင်ပါတယ်။ ISPs များအနေဖြင့် အစိုးရများ၏ ညွှန်ကြားချက်အတိုင်း အင်တာနက် ဆင်ဆာဖြတ်တောက်မှုနှင့် ပိတ်ပင်မှုကို ပုံမှန် လုပ်ဆောင်ရလေ့ရှိပါတယ်။ ISPs လုပ်ငန်းများက အင်တာနက် ဆင်ဆာဖြတ်တောက်မှုကို အိမ်များ (သို့မဟုတ်) အလုပ်ရှင်များအား ဝန်ဆောင်မှုတစ်ခုအနေနှင့်လည်း ပေးလေ့ရှိပါတယ်အချို့ အိမ်တွင်းသုံးအင်တာနက်ဝန်ဆောင်မှုများမှာလည်း လုပ်ငန်းသုံး ဆင်ဆာဖြတ်တောက်မှု နည်းလမ်း တွေကို ဝန်ဆောင်မှုအဖြစ်နဲ့ ရောင်းချပြီး သူတို့ISP မှာချိတ်ဆက်မှုတိုင်းအတွက် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ ဝယ်ယူထားသူတိုင်းအတွက် အလိုအလျောက်ဆင်ဆာ ဖြတ်တောက်ပေးပါတယ်။ ဒီလိုဝန်ဆောင်မှုတွေကို အစိုးရများရဲ့ ညွှန်ကြားချက်မရှိသည့်တိုင် ဝယ်ယူသူများ၏ လိုအပ်ချက်အတိုင်းလည်း ဝန်ဆောင်မှုအဖြစ်ပေးလေ့ရှိပါတယ်။

 

အင်တာနက်ပိတ်ပင်မှုကို ဘယ်လိုလုပ်သလဲ။ anchor link

IP address ကို ပိတ်ပင်ခြင်း။ “IP addresses” ဆိုတာ အင်တာနက်အတွင်း မိမိကွန်ပြူတာတည်ရှိသည့် တည်နေရာလိပ်စာဖြစ်ပါတယ်။ အင်တာနက်အတွင်း သတင်းအချက်အလက်ပေးပို့မှုအားလုံးတွင် ”ပေးပို့သူ၏ တည်နေရာ” နှင့် “လက်ခံသူ၏ တည်နေရာ” ဆိုပြီးရှိပါတယ်။ အင်တာနက်ဝန်ဆောင်မှုပေးသူများ (သို့မဟုတ်) အင်တာနက် ကွန်ယက်စီမံကြီးကြပ်သူများက ဆင်ဆာပိတ်ပင်လိုသည့် တည်နေရာလိပ်စာများကို စာရင်းပြုစုကာ ထိုတည်နေရာ များမှပေးပို့သော (သို့မဟုတ်) ထိုတည်နေရာများသို့ပေးပို့တဲ့ သတင်းအချက်အလက်များကို ပိတ်ပင် တားမြစ်နိုင်ပါတယ်။

ဝန်ဆောင်မှုများစွာကို တည်နေရာလိပ်စာတစ်ခုထဲမှာ အထိုင်ချနိုင်တဲ့အတွက်  IP ‌address ကို ပိတ်ခြင်းကအလွံအကျွံ ပိတ်ပင်သည့် အနေအထားကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် လူအများစုက သူတို့ရဲ့ IP address  ကို အင်တာနက်အသုံးပြုခွင့်အတွက်  မျှဝေလေ့ရှိခြင်းကြောင့်လည်း အလွန်အကျွံပိတ်ပင်မှုသလိုမျိုးလည်း ဖြစ်သွားတတ်ပါတယ်။

In this diagram, the Internet Service Provider cross-checks the requested IP address against a list of blocked IP addresses. It determines that the IP address for eff.org matches that of a blocked IP address, and blocks the request to the website.

ဒီပုံမှာ အသုံးပြုသူများဝင်ရောက်လိုသည့် IP address နှင့် ပိတ်ပင်စာရင်းတွင်ပါရှိသည့် IP address များကို အင်တာနက်ဝန်ဆောင်မှုပေးသူများက တိုက်ဆိုင်စစ်ဆေးပုံကို သရုပ်ဖော်ပြထားတာ ဖြစ်ပါတယ်။ ဝင်ရောက်လိုသည့် eff.org ၏ IP address နှင့် ပိတ်ပင်စာရင်းမှ  IP address တို့က တူညီနေသည့်အတွက် ယင်းဝက်ဘ်ဆိုက်သို့ ဝင်ရောက်ခြင်းကို တားမြစ်လိုက်ပါတယ်။

 

DNS အား ပိတ်ပင်ခြင်း။ သင့်စက်ပစ္စည်းများက “DNS resolvers” ဟု ခေါ်ဆိုသည့် ကွန်ပြူတာများထံတွင် ဝက်ဘ်ဆိုက် တည်နေရာများကို မေးမြန်းရပါတယ်။ သင့်စက်ပစ္စည်းကချိတ်ဆက်လိုက်တဲ့ DNS resolver ကို များသောအားဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသူမှ ပိုင်ဆိုင်ပါတယ်။ ထို အင်တာနက်ဝန်ဆောင်မှုပေးသူက DNS resolver မှာ ပရိုဂရမ် ရေးသားပြီး ဆင်ဆာဖြတ်လိုတဲ့ ဆိုက်များသို့သွားရောက်ခြင်း (သို့မဟုတ်) ဝန်ဆောင်မှုများရယူခြင်းကို ပိတ်ပင်နိုင်ပါတယ်။ သင့်အနေနဲ့ DNS resolver ကိုပြောင်းလဲအသုံးပြုသည့်တိုင် DNS ချိတ်ဆက်မှုကို ကုဒ်ဖြင့်ပြောင်းလဲခြင်း လုပ်မထားပါက အင်တာနက်ဝန်ဆောင်မှုပေးသူက ၎င်းတို့ပိတ်ပင်လိုသည့် ဝန်ဆောင်မှုများကို ရွေးချယ်ပိတ်ပင်ခြင်း (သို့မဟုတ်) သွားလိုသည့်နေရာသို့မရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။

In this diagram, the request for eff.org’s IP address is modified at the Internet Service Provider level. The ISP interferes with the DNS resolver, and the IP address is redirected to give an incorrect answer or no answer.

ဒီပုံကားချပ်မှာ eff.org ၏  IP address ကို ISP အဆင့်တွင် ပိတ်ပင်နိုင်ဖို့ လုပ်ဆောင်ထားပါတယ်။ အင်တာနက်ဝန်ဆောင်မှုပေးသူမှ DNS resolver ကို အနှောင့်အယှက်ပေးခြင်းဖြင့် ထို IP address သို့ သွားရောက်သည့်အခါတိုင်း နေရာလွှဲခြင်း (သို့မဟုတ်) ပိတ်ပင်ခြင်းကို လုပ်ဆောင်နိုင်ပါတယ်။

အဓိကဝေါဟာရများအား ဆင်ဆာဖြတ်ခြင်း။ သတင်းအချက်အလက်စီးဆင်းမှုကို ကုဒ်ဖြင့်ပြောင်းလဲခြင်း မလုပ်ထားပါက အင်တာနက်ဝန်ဆောင်မှုပေးသူများသည် ဝက်ဘ်ဆိုက်များအတွင်း အချက်အလက်ပါဝင်မှု ကို မူတည်ပြီး ဆင်ဆာဖြတ်ခြင်းကိုလုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် ကုဒ်ဖြင့်ပြောင်းလဲသည့်စနစ် အသုံးပြုသည့် ဆိုက်များ  များပြားလာတာနဲ့အမျှ ဒီနည်းလမ်းကို အသုံးနည်းလာကြပါတယ်။

ကြီးကြပ်သူက “CA certificate”  ကို သင့်စက်ပစ္စည်းများအတွင်းထည့်သွင်းထားလျှင် ကုဒ်ဖြင့်ပြောင်းလဲထားသည့် လုပ်ဆောင်ချက်များကို ကြီးကြပ်သူမှ ပြန်ဖြည်ကာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ အသုံးပြုသူက CA certificate ကို မိမိစက်အတွင်း ထည့်သွင်းထားဖို့လိုပြီး ဒီနည်းလမ်းကို လုပ်ငန်းခွင်များနှင့် ကျောင်းများမှာ အများဆုံး သုံးလေ့ရှိပါတယ်။ သို့သော် ISP အဆင့်တွင် ပိတ်ပင်ဖို့တော့ သုံးလေ့မရှိပါ။

On an unencrypted website connection, an Internet Service Provider (ISP) is able to check the content of a site against its blocked content types. In this example, mentioning free speech leads to an automatic block of a website.

ကုဒ်ဖြင့်ပြောင်းလဲသည့် စနစ်သုံးမထားတဲ့ ဝက်ဘ်ဆိုက်တွေနဲ့ ချိတ်ဆက်မှုတဲ့အခါ ပိတ်ပင်လိုတဲ့ အချက်အလက်တွေနဲ့ ဝက်ဘ်ဆိုက်မှာပါဝင်တဲ့ အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးတာကို ISP က လုပ်ဆောင်နိုင်ပါတယ်။ ဥပမာအားဖြင့် လွတ်လပ်သောပြောရေးဆိုခွင့်ဆိုတဲ့စကားလုံးပါတာနဲ့ ဝက်ဘ်ဆိုက်တွေကို အလိုအလျောက် ပိတ်တာမျိုးပေါ့။

HTTPS ဆိုက်အားဆင်ဆာဖြတ်တောက်ခြင်း။ HTTPS အသုံးပြု၍ ဆိုက်များအားဝင်ရောက်သည့်အခါတွင် ဆိုက်၏ အမည်မှလွဲ၍ အခြားအချက်အလက်တွေကို ကုဒ်ဖြင့်ပြောင်းလဲခြင်းကို လုပ်ဆောင်ထားပါတယ်။ ဆိုက်ရဲ့ အမည်ကို‌ ISP များ(သို့မဟုတ်) အင်တာနက်ကြီးကြပ်သူတွေက မြင်တွေ့တဲ့အခါ ပိတ်ပင်ခြင်း ပြု/မပြုဆိုတာကို ဆုံးဖြတ်လို့ ရပါတယ်။

In this diagram, a computer attempts to access eff.org/deeplinks. The network administrator (represented by a router) is able to see domain (eff.org) but not the full website address after the slash. The network administrator can decide which domains to block access to.

ဒီပုံကားချပ်မှာ ကွန်ပြူတာက eff.org/deeplinks ကို ဝင်ရောက်ဖို့ကြိုးစားပါတယ်။ ပုံပါ(ရောက်တာဖြင့် ဖော်ပြထားတဲ့) အင်တာနက်ကြီးကြပ်သူက (eff.org)ဆိုတဲ့ ဒိုမိန်းနာမည်ကို တွေ့ရပေမယ့် မျဉ်းဇောင်းနောက်မှာ ရေးထားတဲ့ ဝက်ဘ်ဆိုက်တစ်ခုလုံးရဲ့ လိပ်စာကို မြင်ရတာ‌တော့မဟုတ်ပါဘူး။ အင်တာနက် ကြီးကြပ်သူက ဘယ်ဒိုမိန်းနာမည်ကို ပိတ်ပင်မလဲဆိုတာကို  ဆုံးဖြတ်နိုင်ပါတယ်။

လုပ်ထုံးလုပ်နည်း Protocol နှင့် ဝင်ပေါက်ထွက်ပေါက်များကို ပိတ်ခြင်း။ ကာကွယ်ပေးသောစနစ်  firewall (သို့မဟုတ်) ရောက်တာက ဘယ်လိုအင်တာနက်နည်းပညာ အမျိုးအစားကို အသုံးပြုပြီး တစုံတယောက်က အင်တာနက်ချိတ်ဆက်မှုများလုပ်ဆောင်နေလဲဆိုတာကို ရှာဖွေ ဖော်ထုတ်ပြီး ဆက်သွယ်တဲ့ နည်းပညာအသေးစိတ်တွေကို  သိရှိတာနဲ့ ပိတ်ပင်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။

 (ဥပမာ- လုပ်ထုံးလုပ်နည်းနဲ့ ဝင်ပေါက်ထွက်ပေါက်နံပါတ်တွေကနေတဆင့် အသုံးပြုတဲ့ နည်းပညာ ကို သိရှိနိုင်ပါတယ်။) တကယ်လို့ ကာကွယ်ပေးသောစနစ်က ဘယ်လိုဆက်သွယ်နေတယ် (သို့မဟုတ်) ဘယ်လိုနည်းပညာကိုသုံးထားသလဲဆိုတာကို မှန်မှန်ကန်ကန်ရှာဖွေဖော်ထုတ်နိုင်မယ်ဆိုရင် ဆယ်သွယ်ချိတ်ဆက်မှုတွေ မဖြစ်နိုင်အောင် တားမြစ်လို့ရပါတယ်။ ဥပမာ အချို့နက်ဝေါ့ခ်တွေဆိုရင် VoIP (အင်တာနက်ဖုန်းခေါ်ဆိုမှု)အချို့နဲ့ VPN အက်ပလီကေးရှင်းတွေမှာ အသုံးပြုတဲ့ နည်းပညာတွေကို ပိတ်ပင်နိုင်ပါတယ်။

In this diagram, the router recognizes a computer attempting to connect to an HTTPS site, which uses Port 443. Port 443 is on this router’s list of blocked protocols.

ဒီပုံကားချပ်မှာ ကွန်ပြူတာက ဝင်ပေါက်ထွက်ပေါက် နံပါတ် ၄၄၃ ကိုသုံးပြီး HTTPS ဆိုက်တစ်ခုကို ချိတ်ဆက်ဖို့ကြိုးစားတာကို ရောက်တာက ရှာဖွေဖော်ထုတ်ပြီး ပိတ်ပင်တာကို သရုပ်ဖော်ထားတာပါ။ ဝင်ပေါက်ထွက်ပေါက် နံပါတ် ၄၄၃ ဟာ ရောက်တာကပိတ်ပင်လိုတဲ့ လုပ်ထုံးလုပ်နည်းစာရင်းထဲပါနေတဲ့အတွက် ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

ပိတ်ပင်နိုင်သည့် အခြားနည်းလမ်းများ anchor link

အင်တာနက်ပိတ်ပင်ခြင်း (သို့မဟုတ်) ဆင်ဆာဖြတ်တောက်ခြင်းကို သတ်မှတ်ထားတဲ့ ဝက်ဘ်ဆိုက်အချို့နဲ့ ဝန်ဆောင်မှုအချို့ကို ဝင်ရောက် ရယူခြင်းမပြုနိုင်စေဖို့ အသုံးပြုတာဖြစ်ပါတယ်။ ဒါပေမယ့် အခြားပိတ်ပင်တဲ့နည်းလမ်းတွေကိုလည်း အသုံးများလာကြတာကို တွေ့ရပါတယ်။

အင်တာနက်ကွန်ယက်ချိတ်ဆက်မှုကို ဖြတ်တောက်ခြင်း။ အင်တာနက်ကွန်ယက်ချိတ်ဆက်မှုကို ဖြတ်တောက်ခြင်းမှာ ကွန်ယက်တစ်ခုလုံးရဲ့ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ရောက်တာတွေ၊ ကွန်ယက်ကြိုးတွေ (သို့မဟုတ်) တာဝါတိုင်တွေကို ပလက်ပေါက်ဖြုတ်ပြီး လုံးဝပိတ်ချတာမျိုး ဖြစ်နိုင်သလို ကွန်ယက်ထဲမှာ မတည်မငြိမ်ဖြစေ‌ပြီး သုံးမရအောင်လုပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီနည်းလမ်းမှာ IP address အများစု (သို့မဟုတ်) ပိတ်ချအကုန်လုံးကို လိုက်ခြင်းမျိုးပါဝင်ပါတယ်။ IP address ကိုကြည့်ပြီး ဘယ်နိုင်ငံကသုံးနေတာလဲဆိုတာသိနိုင်တာမို့ အချို့နိုင်ငံတွေဆိုရင် နိုင်ငံခြားကလာတဲ့IP address အကုန်လုံး (သို့မဟုတ်) အများစုကိုယာယီပိတ်တာကို စမ်းသပ်လုပ်ဆောင်ကြတာကိုတွေ့ရပါတယ်။ အဲဒီလိုလုပ်တဲ့အခါ နိုင်ငံအတွင်းမှာရှိတဲ့ ကွန်ယက်ချိတ်ဆက်မှုအချို့ကိုတော့ ဖွင့်ပေးထားပြီး နိုင်ငံပြင်ပကို သွားတဲ့ ချိတ်ဆက်မှုတွေအားလုံးကို ပိတ်ချလိုက်တာမျိုးလုပ်ကို လုပ်ကြပါတယ်။

A computer attempts to connect to eff.org’s US-based IP address. At the Internet Service Provider’s level, the request is checked: the IP address for eff.org is checked against a list of blocked international IP addresses, and is blocked.

ကွန်ပြူတာက အမေရိကန်အခြေစိုက် IP address ဖြစ်တဲ့ eff.org ကို သွားချိတ်ဖို့ကြိုးစားတဲ့အခါ အင်တာနက် ဝန်ဆောင်မှုပေးသူအဆင့်မှာ ချိတ်ဆက်ခွင့်ပိတ်ထားတဲ့ နိုင်ငံတကာက IP address စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေး ပြီး ဝင်ရောက်ခွင့်ကို ပိတ်ပင်လိုက်ပါတယ်။

အင်တာနက်ချိတ်ဆက်မှုကိုနှေးကွေးစေခြင်း။ အင်တာနက်ဝန်ဆောင်မှုပေးသူတွေအနေနဲ့ အချို့အင်တာနက် ချိတ်ဆက်မှုတွေကို ရွေးချယ်ပြီး နှေးကွေးအောင် လုပ်လို့ရပါတယ်။ အစိုးရဌာနအတော်များများက ဝက်ဘ်ဆိုက် တွေကို ဆင်ဆာဖြတ်ချင်တဲ့အခါ လုံးဝပိတ်ချလိုက်တာမျိုးထက် အဲဒီဆိုက်တွေကိုချိတ်ဆက်တဲ့အခါ နှေးသွား အောင် အရင်လုပ်လေ့ရှိပါတယ်။ ဒီနည်းလမ်းကိုလုပ်တာကို သက်သေပြဖို့အရမ်းခက်ပါတယ်။ ISP  တွေကလည်း ဒီလိုချိတ်ဆက်မှုကို နှေးအောင်လုပ်ထားတာမျိုးကိုသူတို့လုပ်တာမဟုတ်ကြောင်းငြင်းဆန်လို့လွယ်ပါတယ်။ ဒီနည်းလမ်းမှာ လူတွေကတော့ သူတို့အင်တာနက်ကနှေးနေတယ်ပဲထင်တတ်ကြတယ်။ ဒါမှမဟုတ် သူတို့ ချိတ်ဆက်လိုတဲ့ ဆိုက်က အလုပ်မလုပ်ဘူးလို့လဲ ယူဆတတ်ကြတယ်။

A computer tries to connect to eff.org. Their Internet Service Provider slows down their connection.

ကွန်ပြူတာက eff.org ကို ချိတ်ဖို့ကြိုးစားပါတယ်။ အင်တာနက်ဝန်ဆောင်မှုပေးသူက ချိတ်ဆက်မှုကို နှေးကွေးအောင် လုပ်ဆောင်လိုက်ပါတယ်။

 

အင်တာနက်ဆင်ဆာပိတ်ပင်ခြင်းကို ကျော်လွှားသည့် နည်းလမ်းများ anchor link

ယေဘုယျအားဖြင့် သင့်ရဲ့ အင်တာနက်အသုံးပြုမှုနဲ့ဆိုင်တဲ့ အချက်အလက်နည်းလေလေ သင့် အင်တာနက်ဝန်ဆောင်မှုပေးသူ (သို့မဟုတ်) သင့်အင်တာနက်ကွန်ယက်ကြီးကြပ်သူအနေနဲ့ သင့်ရဲ့ အင်တာနက်အသုံးပြုပုံ အချို့ကို ရွေးချယ်ပိတ်ပင်တာလုပ်ဖို့ခက်လေလေပါပဲ။ ဒါ့ကြောင့် အင်တာနက် တစ်ခုလုံးကို ဖြန့်ပြီး ကုဒ်နဲ့ပြောင်းလဲတဲ့စံစနစ်ကို အသုံးပြုသင့်ပါတယ်။

A graphic showing an insecure HTTP request for "http://example.com/page" from a device. The page URL and contents can be read by your network administrators, your ISP, and any entity in between.

HTTP က သင့်ရဲ့ အင်တာနက်ရှာဖွေမှုကို တွေကို အကာအကွယ်မပေးနိုင်ပါဘူး။

A graphic showing a secure HTTPS request for "https://eff.org/deeplinks" from a device. The site is revealed to your network administrators and your ISP, but they can't see the page you're viewing.

...HTTPS က ပိုပြီးကာကွယ်ပေးနိုင်ပါတယ်။

A graphic showing an ideal secure HTTPS request for "https://eff.org/deeplinks" from a device. By encrypting DNS and the site name, your network administrators or ISP will have trouble figuring out what website you're viewing.

ကုဒ်နဲ့ပြောင်းလဲထားတဲ့DNS နဲ့ အခြားလုပ်ထုံးလုပ်နည်းတွေက ကိုယ်ဝင်ချင်တဲ့ ဆိုက်နာမည်တွေကို ကွယ်ဝှက်ပေးထားနိုင်ပါတယ်။

DNS ဝန်ဆောင်မှုပေးသူကို ပြောင်းလဲခြင်းနှင့် ကုဒ်ဖြင့်ပြောင်းလဲထားသော DNSကို အသုံးပြုခြင်း anchor link

အင်တာနက်ဝန်ဆောင်မှုပေးသူတွေက သင့်DNS ကိုပိတ်ဖို့အဓိကပစ်မှတ်ထားလုပ်ဆောင်နေတယ်ဆိုရင် DNS ဝန်ဆောင်မှုပေးသူကိုပြောင်းတာမျိုးနဲ့ DNS ကို ကုဒ်နဲ့ပြောင်းလဲခြင်းစနစ်သုံးလိုက်ရင် သင်ဝင်လို့မရတဲ့ နေရာတွေကို ဝင်လို့ရသွားပါလိမ့်မယ်။

DNS ဝန်ဆောင်မှုပေးသူကို ပြောင်းလဲခြင်း။ သင့်ဖုန်း (သို့မဟုတ်) ကွန်ပြူတာရဲ့ “network settings” မှာ လုပ်လို့ ရပါတယ်။ သင့်ရဲ့DNS ဝန်ဆောင်မှုပေးသူအသစ်ထံ သင့်ရဲ့ ISP အဟောင်းမှာရှိခဲ့တဲ့ အချက်အလက်တွေကို ပေးရမှဖြစ်တဲ့အတွက် ကို သင့်ကိုယ်ရေးလုံခြုံမှုရှိစေဖို့သင့်ရဲ့ အန္တရာယ်ရှိမှုအဆင့်  threat model ကို စဉ်းစားပြီးမှ ရွေးချယ်သင့်ပါတယ်။ Mozilla က သင့်အင်တာနက်ရှာဖွေမှု အချက်အလက်  data တွေကို တခြားသူတွေဆီ မပေါက်ကြားစေဖို့ ကိုယ်ရေးလုံခြုံမှုအတွက် စိတ်ချရတဲ့ DNS ဝန်ဆောင်မှုပေးသူစာရင်း a list of DNS providers ကို ပြုစုပေးထားပါတယ်။

ကုဒ်ဖြင့်ပြောင်းလဲထားသည့်စနစ်ကိုသုံးထားသည့် DNS ကို အသုံးပြုခြင်း။ ကုဒ်ဖြင့်ပြောင်းလဲထားသည့် စနစ်သုံး DNS နည်းပညာများကို ဈေးကွက်အတွင်းတွင်တွင်ကျယ်ကျယ်စတင်အသုံးပြုနေပြီဖြစ်သည်။ ဒါကိုသုံးခြင်းအား ဖြင့် သင့်ရဲ့DNSအသုံးပြုမှုကို ဘယ်သူမှမမြင်နိုင်အောင်လုပ်ပေးပါလိမ့်မယ်။ သင့်အနေနဲ့ Firefoxမှာ HTTPS သုံး DNS ကို အလွယ်တကူပြောင်းလဲနိုင်ပြီး DNS-over-HTTPS easily on Firefox Android မှာTLS သုံး DNS DNS-over-TLS on Android.ကို ပြောင်းလဲနိုင်ပါတယ်။

 

လက်ရှိမှာ အခြားအက်ပလီကေးရှင်းတွေမှာ ဒီနည်းလမ်းကို အလွယ်တကူသုံးလို့မရသေးပါဘူး။

VPN (သို့မဟုတ်) ကုဒ်ဖြင့်ပြောင်းလဲထားသော ပရောက်စီကိုသုံးခြင်း anchor link

In this diagram, the computer uses a VPN, which encrypts its traffic and connects to eff.org. The network router and Internet Service Provider might see that the computer is using a VPN, but the data is encrypted. The Internet Service Provider routes the connection to the VPN server in another country. This VPN then connects to the eff.org website.

ဒီပုံမှာ ကွန်ပြူတာက VPN ကို သုံးပြီး eff.org ကို ကုဒ်ဖြင့်ပြောင်းလဲထားတဲ့ ချိတ်ဆက်မှုနဲ့ ဝင်ရောက်ဖို့ ကြိုးစားပါတယ်။ အင်တာနက်ကွန်ယက်ရောက်တာနဲ့ အင်တာနက်ဝန်ဆောင်မှုပေးသူက သင့်အနေနဲ့ VPN သုံးနေတာကို တွေ့မြင်ရပေမဲ့ အချက်အလက်တွေကို ကုဒ်နဲ့ပြောင်းလဲထားတာမို့ သင်ဘယ်ကိုချိတ်ဆက်ဖို့ ကြိုးစားနေလဲဆိုတာကို မမြင်ရပါဘူး။ အင်တာနက်ဝန်ဆောင်မှုပေးသူက တခြားနိုင်ငံမှာရှိတဲ့ VPN ဆာဗာကို ချိတ်ဆက်ပေးလိုက်ပါတယ်။ ပြီးတာနဲ့VPN က eff.org ဝက်ဘ်ဆိုက်ကို ချိတ်ဆက်ပေးလိုက်ပါတယ်။

Virtual Private Network (VPN ) က သင့်ကွန်ပြူတာကနေ အခြားကွန်ပြူတာဆာဗာတစ်ခုကို ဖြတ်ပြီးပို့လိုက်တဲ့ အချက်အလက်အားလုံးကို ကုဒ်နဲ့ပြောင်းလဲပြီးပို့ပေးပါတယ်။ အဲဒီအခြားကွန်ပြူတာဆာဗာကို အခြားစီးပွားရေးလုပ်ငန်း (သို့မဟုတ်) အမြတ်မယူတဲ့ VPN ဝန်ဆောင်မှုတစ်ခုခု (သို့မဟုတ်) သင့်ကုမ္ပဏီ (သို့မဟုတ်) ယုံကြည်စိတ်ချရသူတစ်ဦးဦးကပိုင်ဆိုင်ပါလိမ့်မယ်။ VPN ပြောင်းလဲချိတ်ဆက်တာ အဆင်ပြေသွား တာနဲ့ ဝက်ဘက်စာမျက်နှာဝင်ခြင်း၊ အီးမေးလ်သုံးခြင်း၊ စာတိုပေးပို့ခြင်း၊ VoIPအင်တာနက်ဖုန်းခေါ်ခြင်းနဲ့ အခြားဝန်ဆောင်မှုတွေကို ဝင်ရောက်လို့ရပါပြီ။ သင့်ရဲ့ အင်တာနက်အသုံးပြုမှုကို VPNက လျှို့ဝှက်ပေးထား နိုင်ပေမယ့်VPN ဝန်ဆောင်မှုပေးသူကတော့ သင့်အချက်အလက်တွေဖြစ်တဲ့ ဝက်ဘ်ဆိုက်ဝင်ရောက်မှုတွေကို logs အနေနဲ့ မှတ်တမ်းတင်ထားနိုင်တဲ့အပြင် အဲဒီမှတ်တမ်းကို အခြားအဖွဲ့အစည်းတစ်ခုခုကို ပေးကြည့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အန္တရာယ်ရှိမှုအဆင့်ပေါ်မူတည်ပြီး အစိုးရက သင့်VPN ချိတ်ဆက်မှုကို စောင့်ကြည့်တာမျိုးက စလို့သင့် VPN အသုံးပြုမှုမှတ်တမ်းကို ကြည့်ရှုတာမျိုးအထိဖြစ်လာရင် အန္တရာယ် risk အလွန်ကြီး တာကို သတိပြုပါ။ အချို့အသုံးပြုသူတွေအတွက်တော့ ဒီအန္တရာယ်ထက် VPN ရဲ့ ရေတိုအသုံးဝင်မှုကိုလိုချင်လို့ သုံးကြတာပါ။

 VPN ဝန်ဆောင်မှုများကို ရွေးချယ်တာနဲ့ပတ်သက်လို့ရေးသားထားတဲ့လမ်းညွှန်ကို ဒီနေရာမှာဖတ်နိုင်ပါတယ်။  choosing specific VPN services.

 

Tor ဘရောက်ဇာကို အသုံးပြုခြင်း anchor link

Tor က ဝက်ဘ်ထဲမှာ သင့်ကိုဘယ်သူမှန်းမသိအောင် လုပ်ပေးနိုင်တဲ့ open-source software (လူအများကဝိုင်းရေးထားပြီး အများကအခမဲ့ရယူအသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲလ်) ဖြစ်ပါတယ်။ Tor  ဘရောက်ဇာဟာ ဝက်ဘ်ဘရောက်ဇာ web browser တစ်ခုဖြစ်ပြီး အမည်မဲ့ Tor နက်ဝေါ်ခ့် ပေါ်မှာတည်ဆောက်ထားတာ ဖြစ်ပါတယ်။ Tor ရဲ့ သင့် ဝက်ဘ်ဆိုဒ်ရှာဖွေမှုလမ်းကြောင်းတွေကို လမ်းလွှဲပေးတဲ့နည်းလမ်းကြောင့် ဆင်ဆာဖြတ်တောက် ပိတ်ပင်တာတွေကို ကျော်လွှားနိုင်တာဖြစ်ပါတယ်။ ( Linux, macOS, Windows, and Android တွေမှာ Tor ကို ဘယ်လိုသုံးမလဲရေးသားထားတဲ့ လမ်းညွှန်တွေမှာ အသေးစိတ်ဖတ်ရှုပါ)။

The computer uses Tor to connect to eff.org. Tor routes the connection through several “relays,” which can be run by different individuals or organizations all over the world. The final “exit relay” connects to eff.org. The ISP can see that you’re using Tor, but cannot easily see what site you are visiting. The owner of eff.org, similarly, can tell that someone using Tor has connected to its site, but does not know where that user is coming from.

Tor ကို သုံးပြီး ကွန်ပြူတာက eff.org ကိုချိတ်ဆက်ပါတယ်။ Tor က ချိတ်ဆက်မှုလမ်းကြောင်းတွေကို  ကမ္ဘာအနှံ့မှာ တဦးချင်း (သို့) အဖွဲ့အစည်းတွေက စီမံခန့်ခွဲတဲ့ “relays” စက်လေးတွေထဲကို ဖြတ်သန်း သွားစေပါတယ်။ နောက်ဆုံး “exit relay” က eff.org ကို ချိတ်ပေးပါတယ်။ ISP ကနေ သင် Tor သုံးနေတာကို မြင်ရပေမဲ့ ဘယ်ဆိုက်ကို သွားလဲဆိုတာကို လွယ်လွယ်နဲ့ မမြင်ရပါဘူး။ eff.org ကို ပိုင်ဆိုင်တဲ့သူကလည်း လူတယောက်က Tor သုံးပြီး သူ့ဝက်ဘက်ဆိုက်ကိုလာချိတ်တာမြင်ရပေမယ့် ဘယ်နေရာကလာလဲဆိုတာကို မသိနိုင်ပါဘူး။

Tor ဘရောက်ဇာကို စသုံးတဲ့အခါ သင်ဟာဆင်ဆာဖြတ်ထားတဲ့ နက်ဝေါ့ခ်မှာရှိနေကြောင်းကို ရွေးချယ်ပြီး အသုံးပြု နိုင်ပါတယ်။

A screen capture of Tor's Network Settings page, which offers users extra choices via a "Configure" button if their Internet connection is censored or proxied.

Tor ကိုသုံးပြီး နိုင်ငံအဆင့်ပိတ်ပင်ထားတဲ့ ဆင်ဆာတွေကို ကျော်ဖြတ်နိုင်သလို သေသေချာချာ ချိန်ညှိ ပြောင်းလဲ (configure) ထား မယ်ဆိုရင် သင့်နိုင်ငံရဲ့ နက်ဝေါ့ခ်မှာ စောင့်ကြည့်သူတစ်ဦးဦး adversary ကခိုးနားထောင်တာမျိုးကနေ ကာကွယ်နိုင်ဖို့ သင့်ရဲ့ ကိုယ်ရေးအချက်အလက်‌တွေကို လျှို့ဝှက်ပေးထားနိုင်ပါတယ်။ Tor ကြောင့် ချိတ်ဆက်မှုနှေးတာနဲ့ အသုံးပြုဖို့ခက်ခဲတာတွေဖြစ်နိုင်ပြီး သင့်နက်ဝေါ့ခ်အသုံးပြုမှုကို ကြည့်ရှုနိုင်သူတိုင်းက သင့်အနေနဲ့Tor သုံးနေတယ်ဆိုတာကို သတိပြုမိနိုင်ပါတယ်။

သတိပြုရန်။ Tor  ဘရောက်ဇာကို တရားဝင်ဝက်ဘ်ဆိုက် official website ကနေသာ ကူးဆွဲပါ။

Tor ကို Linux, macOS, Windows, and Android များတွင် မည်သို့အသုံးပြုရမည်ဆိုသည်ကို လေ့လာပါ။ ပြီးနောက်  ဝင်းဒိုးတွင် ပေါ်လာလျှင် “Connect” အစား “Configure” ကို ရွေးချယ်ရန် အထူးသတိပြုပါ။