Skip to main content
Surveillance
Self-Defense

ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် ဆောင်ရွက်ရန်အဆင့်ခုနှစ်ဆင့်

Last Reviewed: February 06, 2019

This page was translated from English. The English version may be more up-to-date.

 ဒစ်ဂျစ်တယ်လုံခြုံရေးအတွက်အသုံးဝင်တဲ့ အခြေခံအကြံပြုချက်တွေကို အောက်မှာဖော်ပြထားပါတယ်။

အသိပညာသည် အင်အားဖြစ်သည် anchor link

ဒစ်ဂျစ်တယ်လုံခြုံရေးနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့  ကိုယ်ကြုံတွေ့နေရတဲ့ အခြေအနေအကြောင်း ထဲထဲဝင်ဝင်သိရှိထားဖို့ လိုပါတယ်။ ဒါ့ကြောင့် အောက်ပါမေးခွန်းတွေကို အရင် ဖြေဆိုကြည့်ပါ။

 

၁။ ဘာကိုကာကွယ်ချင်သလဲ။

၂။ ဘယ်သူ့ရန်ကနေ ကာကွယ်ရမလဲ။

၃။ အမှန်တကယ်ကာကွယ်ဖို့လိုနိုင်ခြေ ဘယ်လောက်ရှိသလဲ။

၄။ ကြိုးစားမှုတွေမအောင်မြင်ရင် ဘယ်လောက်ဆိုးရွားတဲ့ အကျိုးဆက်တွေ ရှိလာနိုင်သလဲ။

၅။ ဒီအကျိုးဆက်တွေ တားဆီးကာကွယ်ဖို့ ဘယ်လောက်အထိ ဒုက္ခခံပြီး ကြိုးစားအားထုတ်ဖို့ ရည်ရွယ်ထားသလဲ။

ဒီမေးခွန်းတွေ ဖြေဆိုပြီးရင် ကိုယ့်မှာဘယ်လို ဒစ်ဂျစ်တယ်လုံခြုံရေးအစီအမံတွေထားဖို့ လိုမလဲဆိုတာကို  ပိုမိုကောင်းမွန်စွာ အကဲခတ်နိုင်ပါလိမ့်မယ်။ ဆက်လက်ပြီး လုံခြုံရေးအစီအစဉ်များ သို့မဟုတ် ခြိမ်းခြောက်မှု နမူနာပုံစံများ ပြင်ဆင်ရေးဆွဲ ရာမှာလည်း အထောက်အကူ ပြုနိုင်ပါတယ်။ မိမိတို့ အားလုံးမှာ နဂိုထင်ထား တာထက်တောင် ပိုပြီးလုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ 

အားအ‌ပျော့ဆုံးကွင်းဆက် anchor link

 “ချိန်းကြိုးတစ်ချောင်းသည် သူ၏အားအပျော့ဆုံးကွင်းဆက်လောက်သာ သန်မာသည်” ဆိုတဲ့ စကားပုံဟာ လုံခြုံရေးနယ်ပယ်အတွက်လည်း အကျုံးဝင်ပါတယ်။ အိမ်တံခါးကို အကောင်းဆုံးသော့ဂလောက်နဲ့ ခတ်ထား ပေမယ့်လည်း ပြတင်းပေါက်မှာ ဂျက်အပေါစားတွေ သုံးမယ်ဆိုရင် အကျိုးမရှိပါဘူး။ အဲဒီလိုဘဲ အီးမေးလ် ပို့တဲ့အချိန်မှာ ကြားဖြတ်မဖတ်နိုင်စေဖို့ ကုဒ်ဖြင့်ပြောင်းလဲသည့်စနစ် အသုံးပြုပေမယ့် ကုဒ်ဖြင့်မပြောင်းလဲရ‌ သေးတဲ့စာမူကို ကွန်ပျူတာပေါ်သိမ်းဆည်းထားမယ်၊ ကွန်ပျူတာအခိုးခံရခဲ့မယ်ဆိုရင် စာပေါက်ကြားမှာ ဖြစ်တယ်။ ဒါ့ကြောင့် ကွန်ပျူတာအသုံးပြုမှု၊ သတင်းအချက်အလက်သိမ်းဆည်းမှုဆိုင်ရာ ကွင်းဆက်အစိတ် အပိုင်းအားလုံးကို ခြုံငုံသုံးသပ်ပြီး ကိုယ့်ရဲ့ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အစီအမံတွေမှာ အားနည်းနိုင်တဲ့ ကွင်းဆက်တွေကို ရှာဖွေဖော်ထုတ်ပါ။

 

ရိုးရှင်းမှုသည် ပိုမိုလုံခြုံမှု၊ လွယ်ကူမှုရှိစေသည် anchor link

 တစ်ချို့သူတွေဟာ နောက်ဆုံးပေါ် ဆန်းသစ်တဲ့လုံခြုံရေးနည်းလမ်းတွေကို တပ်မက်ကြတယ်။ နည်းပညာ အသစ်ပေါ်တိုင်း ဝယ်ယူအသုံးပြုတဲ့အတွက် နောက်ပိုင်းမှာ မနိုင်မနင်းဖြစ်လာကြတယ်။ လုံခြုံရေးစနစ် ရှုပ်ထွေးရင် အားနည်းတဲ့ကွင်းဆက်တွေ ရှာဖွေဖော်ထုတ်ဖို့ခက်ခဲပါတယ်။ ဒါ့ကြောင့် ရိုးရိုးရှင်းရှင်းထားဖို့ အကြံပြုလိုပါတယ်။ တစ်ခါတစ်လေမှာ အလုံခြုံဆုံးနည်းလမ်းတွေဟာ နည်းပညာပါဝင်မှုအနည်းဆုံး နည်းလမ်းတွေဖြစ်တတ်ကြတယ်။ ဥပမာ ကွန်ပျူတာကို ကိစ္စများစွာအတွက် အသုံးချနိုင်ပေမယ့်လည်း တစ်ခါတစ်လေမှာ စာရွက်နဲ့ဘောပင်ကို လုံခြုံအောင်သိမ်းရတာ ပိုပြီးရိုးရှင်းလွယ်ကူတဲ့အတွက် ပိုအလုပ် ဖြစ်နိုင်ပါတယ်။ 

 

ဈေးပိုကြီးတိုင်း ပိုလုံခြုံသည်ဟု မဆိုနိုင်ပါ anchor link

လုံခြုံရေးအစီအမံတွေဟာ ဈေးကြီးတိုင်းကောင်းတယ်လို့ မယူဆပါနဲ့။ အထူးသဖြင့် အဲဒီဈေးကြီးတဲ့ အစီအမံ တွေကို ဝယ်ယူဖို့ တစ်ခြားလိုအပ်တဲ့နေရာတွေကနေ ရင်းမြစ်တွေ ဖဲ့ယူအသုံးပြုရမယ်ဆိုရင် ပိုပြီးသတိထား သင့်ပါတယ်။ စာရွက်စာတမ်းတွေကို မလွှတ်ပစ်မီ စက္ကူဖြတ်စက်ဖြင့်စုတ်ဖြဲခြင်းစတဲ့ စရိတ်စကနည်းတဲ့ နည်းလမ်းတွေကို အသုံးပြုခြင်းဟာလည်း လုံခြုံရေးအတွက် အလွန်အဖိုးတန်နိုင်ပါတယ်။

 

မိမိအပြင် အခြားသူများကိုလည်း ယုံကြည်နိုင်သည် (သို့ရာတွင် မိမိယုံကြည်သည့်ပုဂ္ဂိုလ်အကြောင်းကို အမြဲ သိရှိပါစေ) anchor link

ကွန်ပျူတာလုံခြုံရေးနှင့် ပတ်သက်လာရင် ကိုယ်ကလွဲပြီး တစ်ခြားဘယ်သူ့ကိုမှ မယုံကြည်ရဘူးလို့ ထင်ရနိုင် ပါတယ်။ လက်တွေ့မှာတော့ မိမိရဲ့ သတင်းအချက်အလက် တစ်ချို့ကို ရင်းနှီးတဲ့မိသားစု၊ အပေါင်းအသင်း၊ ဆရာဝန်၊ ရှေ့နေ စတဲ့သူများနဲ့ ဝေမျှနိုင်ပါတယ်။ ဒစ်ဂျစ်တယ်နယ်ပယ်မှာ ရှင်းရှင်းလင်းလင်း နားလည်ဖို့ ခက်တဲ့ကိစ္စတစ်ခုဟာ ဘယ်သူ့ကို ဘာကိစ္စနဲ့ပတ်သက်ပြီး ယုံကြည်ရမလဲဆိုတဲ့ အချက်ဖြစ်တယ်။ အကြောင်း ကြောင်းကြောင့် ကိုယ့်ရဲ့စကားဝှက်စာရင်းကို ရှေ့နေထံ အပ်နှံထားခြင်းဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီလိုအပ်နှံ လိုက်တာကြောင့် မိမိရှေ့နေဆီကို ဘာလုပ်ပိုင်ခွင့်တွေပေးအပ်လိုက်ရာရောက်တယ်ဆိုတာ၊ အနှောင့်အယှက်ပေး လိုသူတွေ အနေနဲ့ စကားဝှက်ခိုးယူဖို့ ဘယ်လောက်ပိုပြီး လွယ်ကူသွားနိုင်တယ်ဆိုတာတွေကို ကြိုတင်စဉ်းစား ထားသင့်ပါတယ်။ အလားတူပင် ကိုယ်သီးသန့်အသုံးပြုတဲ့ Dropbox ၊ Google စတဲ့ Cloud ဝန်ဆောင်မှုတွေမှာ စာရွက်စာတမ်းတွေ ရေးသားသိမ်းဆည်းထားခြင်း ပြုနိုင်တယ်။ ဒါပေမယ့် သိမ်းဆည်းထားတဲ့ စာရွက်စာတမ်း တွေကို အဲဒီဝန်ဆောင်မှုတွေကိုယ်တိုင်ကလည်း ဝင်ရောက်ရယူနိုင်တယ်ဆိုတာကို သတိပြုကြရမယ်။ အွန်လိုင်း မှာဖြစ်စေ၊ ပြင်ပလောကမှာ ဖြစ်စေ လျှို့ဝှက်ထားရမယ့် ကိစ္စတွေကို သိရှိသူနည်းလေလေ လျှို့ဝှက်ချက် ပေါက်ကြားနိုင်ခြေ နိမ့်လေလေ ဖြစ်ပါလိမ့်မယ်။

 

အလုံးစုံပြီးပြည့်စုံသော လုံခြုံရေးအစီအစဉ်တစ်ခု ဟူ၍ မရှိပါ anchor link

လုံခြုံရေးအစီအစဉ်ကို ရေးဆွဲရာမှာ ကိုယ်လက်တွေ့အသုံးပြုဖို့၊ ကိုယ်ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေနဲ့ ကိုက်ညီ စေဖို့၊ လုပ်ဖော်ကိုင်ဖက်များနဲ့တွဲပြီး အမှန်တကယ်အကောင်ထည်ဖော်ဖို့ အဆင်ပြေစေမယ့် အစီအစဉ်တွေကို စဉ်းစားပါ။ လုံခြုံရေးအစီအစဉ်တစ်ခုဟာ စာရွက်ပေါ်မှာ ပြီးပြည့်စုံတယ်လို့ ထင်ရပေမယ့်လည်း နေ့စဉ်ဘဝမှာ လိုက်နာဆောင်ရွက်ဖို့ ခဲယဉ်းမယ်ဆိုရင် အကျိုးမရှိပါဘူး။

 

ယနေ့လုံခြုံသည်ဆိုသော်လည်း နောက်နေ့လုံခြုံမှုရှိချင်မှရှိလိမ့်မည် anchor link

မိမိလုံခြုံရေးအစီအမံတွေကို အမြဲတစ်စေ ဆန်းစစ်အကဲဖြတ်နေဖို့ အလွန်အရေးကြီးပါတယ်။ ယခင်နှစ်က၊ ယခင်အပတ်က လုံခြုံမှုရှိခဲ့တယ်ဆိုရုံနဲ့ ယနေ့တိုင်လုံခြုံတဲ့စနစ်လို့ မဆိုနိုင်ပါဘူး။ SSD လိုမျိုး ဝက်ဘ်ဆိုဒ်တွေကို ပုံမှန်ဝင်ရောက်ကြည့်ရှုဖို့ အကြံပြုလိုပါတယ်။ ကျွန်ုပ်တို့ သိရှိထားတဲ့ အချက်အလက်တွေ၊ လုံခြုံရေး နယ်ပယ်မှာ လက်ခံထားတဲ့ ကိစ္စတွေ ပြောင်းလဲသွားမယ်ဆိုရင် သုံးစွဲသူတွေအနေနဲ့လည်း ပြောင်းလဲသွားတဲ့ ကိစ္စတွေကို လက်လှမ်းမီအောင် SSD ဝက်ဘ်ဆိုဒ်မှာ ပြောင်းလဲတင်ပြပေးမှာ ဖြစ်ပါတယ်။ လုံခြုံရေးဆိုတာ အမြဲတစ်စေဆောင်ရွက်နေရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်ဆိုတာကို မမေ့ပါနဲ့။